ပုံ
ပါ ဂလက်ဆီ အစုအဖွဲ့ကို Stephan's Quintet လို့အမည်ပေးထားပါတယ်။ ၁၈၇၇
ခုနှစ်မှာ ပြင်သစ် နက္ခတ္တဗေဒပညာရှင် Édouard Stephan က
စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ယခုလို ဂလက်ဆီ အစုအဖွဲ့တွေ ထဲမှာ ပထမဆုံး
ရှာဖွေတွေ့ရှိခဲ့တဲ့ အစုအဖွဲ့လဲ ဖြစ်ပါတယ်။ ဒီအစုအဖွဲ့ထဲမှာ ဂလက်ဆီ ၅
ခုပါရှိပါတယ်။ Quintet ဆိုတာ ငါးဦး ပါဝင်တဲ့ အစုအဖွဲ့ ကို
ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် ယခု ပေးထားတဲ့ နာမည် က အမှန်တကယ်ဖြစ်ပေါ်တဲ့
အခြေအနေ နဲ့ အနည်းငယ်တော့ ကွာခြားနေတာပါ။ ယခု ဂလက်ဆီ ငါးခု အစုအဖွဲ့ထဲမှာ
ပါတဲ့ ဘယ်ဖက်အပေါ်နားမှာရှိတဲ့ NGC 7320 ဂလက်ဆီ ဟာ ကျန် ဂလက်ဆီ လေးခုထက်
ကမ္ဘာ နဲ့ ၇ ဆ ကျော် ပိုမို နီးတာဖြစ်ပါတယ်။ ကမ္ဘာကနေ မြင်ရတဲ့
မြင်ကွင်းထဲမှာ ပါနေတာကြောင့် သာ ဂလက်ဆီ ၅ ခုပါတဲ့ အစုအဖွဲ့ အနေ နဲ့
ခေါ်ဆိုကြတာဖြစ်ပါတယ်။ ကျန် ဂလက်ဆီ ၄ ခုထဲ က ၃ ခုဟာ ပုံမှန်မဟုတ် တဲ့
ပုံသဏ္ဍန် ရှိပြီး ရှည်မြောမြော ဖြစ်နေတဲ့ ခရုပုံ သဏ္ဍန် လက်တံတွေ
ရှိပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒီဂလက်ဆီ တွေဟာ တစ်ခုနဲ့ တစ်ခု
အချင်းချင်း ဆွဲငင်နေကြတာကို တွေ့ရမှာဖြစ်ပြီး နောက်တစ်ချိန် မှာ ဒီဂလက်ဆီ ၄
ခုဟာ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး ဂလက်ဆီ အကြီး တစ်ခုဖြစ်ပေါ်သွားမှာ
လဲဖြစ်ပါတယ်။ ဒီအစုအဖွဲ့ထဲ က NGC 7320 ဟာ ကမ္ဘာကနေ အလင်းနှစ် သန်း ၄ဝ
ကွာဝေးပြီး ကျန် ဂလက်ဆီ ၄ ခုကတော့ အလင်းနှစ် သန်းပေါင်း ၂၉ဝ ခန့်မှာ
တည်ရှိနေကြပါတယ်။
ယခုပုံ ကို တော့ ကမ္ဘာကနေ မြင်ရတဲ့ လပြည့် ရဲ့
၅ပုံ ၁ ပုံ အချင်း အရွယ်အစား ရှိတဲ့ ကောင်းကင် ဧရိယာ ကို
ရိုက်ယူထားတာဖြစ်ပါတယ်။ ဒီပုံဟာ ပုံပေါင်း ၁၀၀၀ ခန့်
ပေါင်းစပ်ထားတာဖြစ်ပြီး စုစုပေါင်း 150 Million Pixels ရှိပါတယ်။ ယခုလို
အသေးစိတ် ပါဝင်တဲ့ ပုံတွေ ကို လေ့လာခြင်းအားဖြင့် စကြ၀ဠာ ထဲ က ဂလက်ဆီ တွေ
ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာနဲ့ နောင်အနာဂတ်မှာ ဘယ်လိုတိုးတက်ပြောင်းလဲ
လာမယ်ဆိုတာကို လေ့လာရာမှာ များစွာအထောက် အကူပြုမှာဖြစ်ပါတယ်။
No comments:
Post a Comment