Tuesday, July 12, 2022

လက်စွပ် နက်ဗြူလာ

    ဒီပုံကတော့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုတ်မှ အနီအောက်ရောင်ခြည်နည်းပညာ အသုံးပြု ရိုက်ကူးထားတဲ့ တောင်ပိုင်း လက်စွပ် နက်ဗြူလာ (The Southern Ring Nebula) ပဲဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၂၅၀၀ အကွာအဝေးမှာ တည် ရှိပြီး တောင်ဘက်ကျတဲ့ (တနည်း) ကမ္ဘာ့တောင်ခြမ်းမှ မြင်ရတဲ့ Vela ကြယ်စုအတွင်းမှာ တည်ရှိပါတယ်။
    ပုံမှာတော့ လက်စွပ်ပုံစံဖြစ်နေတဲ့ ဓါတ်ငွေ့တိမ်တိုက်ကြီးတစ်ခုကို တွေ့မြင်ရမျာဖြစ်ပြီး အလယ်ဗဟိုချက်မှာတော့ သေဆုံးတော့မည့် ကြယ် တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ တကယ်တန်း အသေးစိတ်ပြီး အနီအောက်ရောင်ခြည်ဖြင့် ခွဲခြမ်း ကြည့်တဲ့အခါ ကြယ် နှစ်လုံးပူးနေတာကို တွေ့မြင်နိုင်ပါတယ်။ ပိုမိုမှေးမှိန်တဲ့ကြယ်ဟာ အဖြူရောင်ကြယ်ပု (White Dwarf Star) အမျိုးအစားဖြစ်ပြီး သူရှင်သန်ခဲ့စဉ်တုန်းက နေထက် ဒြပ်ထု ၈ ဆလောက်ကြိးခဲ့ပါတယ်။
    ကြယ်တွေမှာ ပေါ့ပါးတဲ့ ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံ ဓါတ်ငွေ့တွေ များစွာ ပါဝင်ဖွဲ့စည်းထားပြီး နယူကလိယ ဓါတ်ပြု ပေါက်ကွဲကာ အလင်း နဲ့ အပူစွမ်းအင်ကို ထုတ်လွှတ်ကြပါတယ်။ ဟိုက်ဒရိုဂျင် ပါဝင်မှုဟာ ဟီလီယံ ထက် ပိုများပြီး ပေါ့ ပါး ကြတဲ့အတွက် မျက်နှာပြင် အနီးမှာပဲ ဓါတ်ပြုပေါက်ကွဲကြပါတယ်။ ပိုမိုလေးလံတဲ့ ဒြပ်စင်တွေဟာ ကြယ်ရဲ့ အတွင်း ပိုင်းမှာ ရှိတတ်ကြပါတယ်။ စောစောကပြောတဲ့ မျက်နှာပြင်အနီးက ဟီလီယံတွေ ကုန်သွားတဲ့အခါ ဟိုက်ဒရိုဂျင်ဟာ ပိုမို လေးလံတဲ့ ဓါတ်ငွေ့များနဲ့ ဓါတ်ပြုပြီး အရွယ်အစားကြီးထွားလာရာက တစ်ချိန်မှာ အခုလို ပေါက်ကွဲ လွင့်ထွက်သွားကြ ပါတယ်။ ထိုသို့ ပေါက်ကွဲပြီး နှစ်ပေါင်း ဘီလီယံချီကြာလျှင်တော့.. အဖြူရောင်ကြယ်ပုအဖြစ် အဆုံးသတ်သွားပြီး အေးခဲ တိတ်ဆိတ် ခြောက်ကပ်သွားပါတော့တယ်။
    ဤကဲ့သို့သော နက်ဗြူလာများကိုတော့ Planetary Nebula (ဂြိုဟ်နက်ဗြူလာ) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။
 
#Credit
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
 
 https://www.nasa.gov/sites/default/files/styles/full_width_feature/public/thumbnails/image/main_image_stellar_death_s_ring_miri_nircam_sidebyside-5mb.jpg

No comments:

Post a Comment

လူ့အဖွဲ့ အစည်း ကို အပြတ်ဖြုတ်မည့်သေမင်းတမန် (သို့) Climate Change (Part 2)

  မိုးလေဝသ နှင့် ရာသီဥတု (Weather and Climate) ဒီမှာတစ်ခုမေးစရာရှိပါတယ် ။ ဒီလောက်တောင် ရာသီဥတု ပြောင်းလဲတာတွေပြော ၊ တွက်ချက်တာတော်နေတဲ့ သိ...