Tuesday, July 12, 2022

ကာရင်းနား နက်ဗြူလာ

    နက်ဗြူလာ (Nebula) ဆိုတာ ကြယ်တွေမွေးဖွားရာအရပ်လို့ ပြောစမတ်ပြုကြပါတယ်။ ယခု နာဆာရဲ့ ဂျိမ်းစ်ဝက်ဘ် အာကာသတယ်လီစကုတ်ကနေ ရိုက်ကူလိုက်တဲ့ ကာရင်းနား နက်ဗြူလာဟာ ကမ္ဘာမှ အလင်းနှစ် ၇၆၀၀ အကွာအဝေးက ကရင်းနားကြယ််စုအတွင်းမှာ တည်ရှိပါတယ်။ ပုံမှာ ကြီးမားတဲ့ နက်ဗြူလာ တိမ်တိုက်ကြီးတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး ကြယ်တွေဖြစ်ပေါ် (တနည်း) မွေးဖွားနေတာကိုတော့ မြင်တွေ့ရမှာမဟုတ်ပါ။
    အဆိုပါ ဓါတ်ငွေ့တိမ်တိုက်ကြီးထဲ့မှာတော့.. ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံ ဓါတ်ငွေ့တွေ အဓိက ပါဝင်ဖွဲ့စည်းထားပါတယ်။ ပရိုတွန်တစ်လုံး၊ အီလက်ထရွန် တစ်လုံး ပါဝင်တဲ့ ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ဟာ စကြဝဠာအတွင်းမှာ အပေါ့ပါးဆုံး နဲ့ ဦးဆုံး ဖြစ်ခဲ့တဲ့ ဓါတ်ငွေ့ဖြစ်ပါတယ်။ စကြဝဠာအတွင်းက ကြီးမားတဲ့ ဆွဲငင်အား (မြေဆွဲအား) တွေနဲ့ ဟိုက်ဒရိုဂျင် အက်တမ် တွေကို ဖိသိပ်လိုက်တဲ့အခါ ဟီလီယံဆိုတဲ့ ဓါတ်ငွေ့နဲ့ စွမ်းအင်တွေ ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့နဲ့ ဟီလီယံ ဓါတ်ငွေ့တို့ကို ထပ်ပြီး နက်ဗြူလာကြီးထဲမှာ ကြီးမားတဲ့ ဆွဲငင်အားဖြင့် နယူကလိယ ဓါတ်ပြုပေါင်းစပ်ခြင်း ဖြစ်တဲ့အခါ ကျနော်တို့ နေ ကဲ့သို့သော ကြယ်တွေ၊ နေထက်ကြီးသော ကြယ်တွေ၊ နေထက် ငယ်သောကြယ်တွေ၊ အရွယ် အစား ဆိုဒ်စုံ အရောင်စုံသော ကြယ်တွေဖြစ်လာကြပါတယ်။ ထို နယူကလိယဓါတ်ပြုခြင်းမှ အပူစွမ်းအင်နဲ့ အလင်း စွမ်းအင်တွေ ထွက်လာကြပါတယ်.။
    ကျနော်တို့ လူသားတွေ အပါအဝင် သက်ရှိသတ္တဝါများဟာ ကြယ် (နေ)​မှ ရရှိတဲ့ အလင်းစွမ်းအင် နဲ့ အပူစွမ်းအင်တို့ကို အခြားအခြားသော စွမ်းအင်များအဖြစ် ပြောင်းလဲပြီး ရှင်သန်နေထိုင်နေကြတာပဲ ဖြစ်ပါတော့တယ်..။
 
#Credit
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
 
https://www.nasa.gov/sites/default/files/styles/full_width_feature/public/thumbnails/image/main_image_star-forming_region_carina_nircam_final-5mb.jpg
 
 

No comments:

Post a Comment

လူ့အဖွဲ့ အစည်း ကို အပြတ်ဖြုတ်မည့်သေမင်းတမန် (သို့) Climate Change (Part 2)

  မိုးလေဝသ နှင့် ရာသီဥတု (Weather and Climate) ဒီမှာတစ်ခုမေးစရာရှိပါတယ် ။ ဒီလောက်တောင် ရာသီဥတု ပြောင်းလဲတာတွေပြော ၊ တွက်ချက်တာတော်နေတဲ့ သိ...