Tuesday, July 12, 2022

စကြဝဠာ၏ အနက်ရှိုင်းဆုံး တနေရာမှ ဂလက်ဆီ အစုအဝေး

    နာဆာရဲ့ ဂျိမ်းစ်ဝက်ဘ် အာကာသတယ်လီစကုတ်မှ ရိုက်ကူးထားတဲ့ ဂလက်ဆီ အစုအဝေးတစ်ခုရဲ့ ဓါတ်ပုံဖြစ်ပါတယ်။ ပုံမှာ အနီရောင်၊ အပြာရောင်၊ အဝါရောင်၊ အဖြူရောင် စသည်ဖြင့် လင်းလက်တောက်ပနေတဲ့ ဂလက်ဆီ အစုအဝေးကြီး တစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး ကွေးညွတ်နေတဲ့ ဟိုးအဝေးက ဂလက်ဆီတွေလည်း လှမ်းမြင်နေရပါတယ်။ အဆိုပါ ဂလက်ဆီတွေက ထုတ်လွှတ်လိုက်တဲ့ အလင်းဟာ ကျနော်တို့ဆီသို့ မရောက်ခင် (တနည်း) ဂလက်ဆီနဲ့ ကြည့်ရှုသူ အကြားမှာ ရှိတဲ့ ဂလက်ဆီအုပ်စုကြီးကို ဖြတ်သန်းရာမှာ ကြီးမားတဲ့ ဆွဲအားသက်ရောက်ခံရခြင်းကြောင့် အခုလို ကွေးညွတ်သွားခဲ့တာ ဖြစ်ပါတယ်။
    အလင်းဟာ တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ ခန့် ခရီးသွားနိုင်ပါတယ်။ နေနဲ့ ကမ္ဘာဟာ မိုင်ပေါင်း ၉၃ သန်း ကွာဝေးတဲ့အတွက်.. နေ မှလာသောအလင်းကို ၈မိနစ်ခန့် နောက်ကျပြီးမှ ကျနော်တို့ တွေ့မြင်ရပါတယ်.။ ထို့အတူပဲ.. နေထက် ပိုဝေးသော ကြယ်တွေ၊ ကြယ်အစုအဝေး (ဂလက်ဆီ) တွေက အလင်းရောင် ရောက်ရှိမှုကို တွက်ချက်ပြီး အဆိုပါ ဂလက်ဆီတွေနဲ့ ကျနော်တို့ နေအဖွဲ့အစည်းရဲ့ အကွာအဝေးကို တိုင်းတာလို့ ရပါတယ်။ ထိုသို့ တိုင်းတာနိုင်ခြင်း အားဖြင့်.. မည်သည့် အလင်းလွှတ်အရာဝတ္ထုမျှ မရှိတော့သော (တနည်း) မှောင်မည်းသော နေရာများအထိ ဆက်လက် လေ့လာနိုင်ခဲ့ကြပါတယ်။ တနည်းအားဖြင့် ကျနော်တို့ လက်လှမ်းမီသလောက် စကြဝဠာကြီး (Observable universe) ရဲ့ အစပြုရာ နေရာတွေ ပါပဲ.။ ပြန်လည်သုံးသပ်ကြည့်တဲ့အခါ…
    ကျနော်တို့နေထိုင်တဲ့ စကြဝဠာကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၃.၈ ဘီလီယံခန့်က မဟာပေါက်ကွဲမှုကြီး (Big Bang) နဲ့ အစပြုခဲ့တယ်လို့ သတ်မှတ်ပါတယ်။ ပေါက်ကွဲမှုအစမှာ အလင်းရောင် မရှိသေးပေမဲ့ နှစ်ပေါင်း သန်း ၁၀၀ လောက်အကြာ မှာ ပထမဆုံး ကြယ်အလင်းတစ်ခု စတင်ခဲ့ပါတယ်။ ထို့နောက် ကြယ်တွေဆက်လက်ဖြစ်ပေါ်လာခဲ့ပြီး ကြယ်စုတွေ၊ ဂလက်ဆီတွေ စတင်ခဲ့ပါတယ်။ အခု ဂျိမ်းစ်ဝက်ဘ်က ထုတ်ပြန်တဲ့ ဂလက်ဆီ အစုအဝေး ဓါတ်ပုံဟာ မဟာပေါက်ကွဲမှု ဖြစ်ပြီး နှစ်ပေါင်း သန်းရာကျော်လောက်က ဖြစ်ပေါ်ခဲ့တဲ့ ရှေးကျသော ဂလက်ဆီများပဲ ဖြစ်ပါတော့တယ်..။
 
#Credit
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
 
https://www.nasa.gov/sites/default/files/styles/full_width_feature/public/thumbnails/image/main_image_deep_field_smacs0723-5mb.jpg

No comments:

Post a Comment

လူ့အဖွဲ့ အစည်း ကို အပြတ်ဖြုတ်မည့်သေမင်းတမန် (သို့) Climate Change (Part 2)

  မိုးလေဝသ နှင့် ရာသီဥတု (Weather and Climate) ဒီမှာတစ်ခုမေးစရာရှိပါတယ် ။ ဒီလောက်တောင် ရာသီဥတု ပြောင်းလဲတာတွေပြော ၊ တွက်ချက်တာတော်နေတဲ့ သိ...