Tuesday, July 12, 2022

ဂျိမ်းစ်ဝက်ဘ် (James Webb) အာကာသ တယ်လီစကုတ်

    ည​ကောင်းကင်မှာ ကြယ်​တွေ စုံလင်လှ​ပေမဲ့ မိုးသားတိမ်တိုက်​တွေဟာ ကြယ်​တွေကို ​မြေကမ္ဘာက မြင်ရဖို့ အ​နှောက်အယှက်​ ပေးလွန်းလှပါတယ်။ အဲဒါ​ကြောင့် သိပ္ပံပညာရှင်​တွေဟာ မိုးသားတိမ်တိုက်ကင်းစင်တဲ့ အာကာသ​ပေါ်ကိုတက်ပြီး ကြယ်​တွေ၊ ဂလက်ဆီ​တွေ နဲ့ စကြဝဠာကြီးအ​ကြောင်းကို ​လေ့လာခဲ့ကြပါတယ်။
    ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်​နေ့မှာ​တော့.. ဂျိမ်းစ်ဝက်ဘ် လို့ အမည်ရတဲ့ အာကာသတယ်လီစကုတ်ကြီးတစ်ခုကို ​ကမ္ဘာရဲ့အ​နောက်ဘက် မိုင် တစ်သန်းအကွာမှ ​နေကိုဗဟိုပြု လှည့်ပတ်​စေပြီး အနီ​အောက်ဓါတ်​ရောင်ခြည်နည်းပညာကို အသုံးပြုကာ စကြဝဠာတခွင်ကို ​လေ့လာဖို့ စတင်ခဲ့ပါတယ်။ ဂျိမ်းစ်ဝက်ဘ် ရဲ့အမည်ဟာ ၁၉၆၁ မှ ၆၈ အထိ နာဆာရဲ့ အကြီးအကဲဖြစ်ခဲ့သူရဲ့ အမည်ကို ဂုဏ်ပြုထားခြင်း ဖြစ်ပါတယ်။ 
 https://www.jwst.nasa.gov/images2/James_Webb_NASA.jpg
    ဂျိမ်းစ်ဝက်ဘ် အာကာသတယ်လီစကုတ်ဟာ လက်ရှိ ကမ္ဘာမှာ အားအ​ကောင်းဆုံး တယ်လီစကုတ်လို့ ​ပြောလို့ရပါတယ်။ သူ့ရဲ့ မြင်နိုင်စွမ်းအား နဲ့ အနီ​အောက်​ရောင်ခြည်ကို တုံ့ပြန်နိုင်စွမ်းတို့ဟာ အင်မတန်​ကောင်းမွန်တဲ့အတွက် အပူချိန်​ပြောင်းလဲမှု နဲ့ အလင်း​ရောင်စဥ်​ပြောင်းလဲမှုများကို အာရုံခံနိုင်စွမ်း မြင့်မားပါတယ်။ ပင်မမှန်ဟာလည်း ဟာဘယ်တယ်လီစကုတ်ထက် ၃ ဆ​လောက် ပိုမိုကြီးမားပြီး မြင်နိုင်စွမ်းလည်း အဆ ၁၀၀ ​လောက် ပို​ကောင်းပါတယ်။
    ယခု မကြာခင်မှာ ​ဒေါ်လာ ၁၀ ဘီလီယံတန် ဂျိမ်းစ်ဝက်ဘ် တယ်လီစကုတ်မှ ပထမဆုံး ရိုက်ကူးပုံ​ဖော်ထားတဲ့ အာကာသဓါတ်ပုံ တစ်ခုကို နာဆာမှ ထုတ်ပြ​ပါ​တော့မည်။ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ​မျှော်လင့်ကြည့်ရှုရဦးမှာပါ။
တကယ်တန်း​ကျတော့.. ​လောဘ၊ ​ဒေါသ၊ ​မောဟ ​တွေ ဖုံးလွှမ်း​နေကြ​ပေမဲ့.. ကျ​နော်တို့ လူသား​တွေဟာ စကြဝဠာကြီးနဲ့ ယှဥ်လျှင် ဘာမှမဟုတ်တဲ့ ပမွှား​လေး​တွေပဲ မဟုတ်ပါလား..။
 
#Credit
အနာဂတ်ပညာ​ရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)
 
 
https://www.safran-group.com/sites/default/files/crops/16_9/public/node/2111638/2022-01/James%20Webb%20T%C3%A9lescope%20-credit%20nasa%20illustration.jpg?itok=C5roHten 
 https://media-cldnry.s-nbcnews.com/image/upload/rockcms/2022-01/220107-nasa-james-webb-telescope-se-620p-cab57a.jpg

No comments:

Post a Comment

လူ့အဖွဲ့ အစည်း ကို အပြတ်ဖြုတ်မည့်သေမင်းတမန် (သို့) Climate Change (Part 2)

  မိုးလေဝသ နှင့် ရာသီဥတု (Weather and Climate) ဒီမှာတစ်ခုမေးစရာရှိပါတယ် ။ ဒီလောက်တောင် ရာသီဥတု ပြောင်းလဲတာတွေပြော ၊ တွက်ချက်တာတော်နေတဲ့ သိ...